မုံရွာ-မန္တလေး ကားလမ်း

October 26, 2021

မုံရွာ-မန္တလေး ကားလမ်းတွင် မိုင်းတွေ့သဖြင့် ယာယီပိတ်ထား

မုံရွာ-မန္တလေး ကားလမ်းမှာ မိုင်းတွေ့တာကြောင့် ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက စပြီး ယာယီပိတ်ခံထားရတယ်လို့ သိရပါတယ်။

“အခုမနက်ခင်း မုံရွာကနေ  မန္တလေးကိုသွားတဲ့ ကားလမ်းတွေကို စစ်ကောင်စီတပ်တွေ ပိတ်ထားလိုက်တယ်။ အခုပိတ်ထားတဲ့နေရာ မြင်းမူနားမှာ ပိတ်ထားတယ်။ အခုချိန်ထိ  ဖွင့်မပေးသေးဘူး။ သူတို့ မိုင်းရှာနေတယ်လို့ ပြောတယ်” လို့ ကားဆရာတစ်ဦးက ပြောပါတယ်။

မုံရွာ-မန္တလေး  ကားလမ်းပိတ်ထားမှုကြောင့် ကားတွေသွားလို့မရ ပိတ်နေပြီး ကားလမ်းကို ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာ မသိရသေးပါဘူး။

မုံရွာမြို့ ညောင်တပင် (မြသလ္လာ)စျေးမှာလည်း စျေးကောက်တစ်ဦး အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ငွေလိုက်ကောက်နေတုန်း အမည်မသိ လူတစုက လည်ပင်းကို သေနတ် နဲ့ ၃ ချက်ပစ်ခဲ့တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားတာလို့ အနီးဝန်းကျင်နေ ပြည်သူတချို့က ပြောပါတယ်။

ပစ်သတ်ခံရပြီး မကြာခင် အရပ်ဝတ်လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။

1 month Ago

August 30, 2021

မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းမပေါ် ရေကျော်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကားလမ်းမပေါ် က ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ရေကျော်ခဲ့တယ်လို့ မြင်းမူမြို့နယ်မီးသတ်စခန်းကနေ သိရပါတယ်။ 

မြင်းမူမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာ တချို့မှာ ရေအနည်းငယ်ဝင်တာတွေလည်း ရှိခဲ့ပြီး မြင်းမူမြို့နယ်မီးသတ်စခန်းနဲ့ မြို့မအရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေ  ပြည်သူတွေ သွားလာရေအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ 

မြင်းမူမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၃၀ ရက်က ၁၀၉၁ စင်တာမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၂ပေခန့် (၅၉ စင်တီမီတာ)အလိုမှာ ရောက်ရှိနေတာပါ။ 

သြဂုတ် ၂၉ ရက်က မြင်းမူမြို့ တောင်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်းမှာ အရှည်ပေ ၁၀၀ခန့် မြစ်ကမ်းပါးပြိုကျခဲ့ရာ ယင်းနေရာမှာ ယာယီမြေထိန်းနံရံပြုလုပ်ထားပါတယ်။

Photo - မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာန

3 months Ago
Up