မုံရွာ-ညောင်ပင်ကြီး

September 25, 2021

မုံရွာ‌-ညောင်ပင်ကြီး ကူးတို့ဆိပ်၌ ခရီးသည် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်း မုံရွာ-ညောင်ပင်ကြီးကူးတို့ဆိပ် မုံရွာဘက်ကမ်း နန်ချွန်စတိုးဆိုင်အနီးမှာ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ခရီးသည် ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကူးတို့ဆိပ်အနီး အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက “မုံရွာဘက်ကို ကူးလာတဲ့ ကူးတို့စက်လှေပေါ်ကနေ ဆင်းလာတဲ့ ခရီးသွား ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်ဗျ။ ဘာကြောင်ဖမ်းတာလဲ ဆိုတာတော့ ဖုန်းကိုစစ်ပြီးဖမ်းသွားတာ။ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးပါဗျ။ အသက်အရွယ်ကတော့ လူလတ်ပိုင်းတွေလောက်တော့ရှိတယ်။ သေသေချာချာတော့ မကြည့်ရဲဘူးလေ။ ဒီကောင်တွေက ယုံရတဲ့သူတွေ မဟုတ်ဘူးရယ်။ မထင်ရင်ပစ်တာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်ကလည်း မုံရွာဘက်ကနေ ညောင်ပင်ကြီးဘက်ကို ကူးတဲ့ အလုပ်သမားအများစုပါတဲ့ ကူးတို့စက်လှေကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့်  အလုပ်သမား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

1 year Ago

September 24, 2021

မုံရွာ-ညောင်ပင်ကြီး ကူးတို့စက်လှေကို စစ်တပ်ပစ်ခတ်မှုကြောင့် ၂ ဦး ဒဏ်ရာရ

မုံရွာမြိုက‌နေ ညောင်ပင်ကြီးဘက် ဖြတ်ကူးတဲ့ အလုပ်သမား ကူးတို့စက်လှေတစ်စီးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီကျော်က ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ ညနေ ၅ နာရီကျော်လောက် မုံရွာဘက်ကို အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ အလုပ်သမားစက်လှေကို စစ်တပ်က မုံရွာဘက်ကမ်းကနေ သေနတ်နဲ့ လှမ်းပစ်ခဲ့တာလို့ စက်လှေတွင်း လိုက်ပါလာတဲ့ ခရီးသည်တဦးက ပြောပါတယ်။

“နှစ်ယောက်ကျည်ထိမှန်တယ်။ တစ်ယောက်က ခြေသလုံးအရိုးဖောက်ထွက်သွားတယ်။ တစ်ယောက်က ခြေသလုံးရှပ်ထိသွားတာ။ ဘာကြောင်ထုတာလဲဆိုတော့ မသိဘူးဗျ။ အကုန်လုံးကတော့ မုံရွာဘက်ကို အလုပ်သွားလုပ်ပြီပြန်လာတဲ့ အလုပ်သမားအများစုပါဗျ။ ဒါသက်သက်လက်နက်ရှိလို့ အနိုင်ကျင့်ကြတာပါ။”

စစ်ကောင်စီတပ်က အခုလို ဥပဒေမဲ့လုပ်တာကြောင့် အလုပ်သမားတွေ မုံရွာဘက်ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။

1 year Ago
Up