မုံရွာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

March 31, 2021

မုံရွာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ လူပေါင်းထောင်ချီ စုဝေးချီတက်ဆန္ဒပြ

မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်ရာမှာ လူပေါင်းထောင်နဲ့ချီ စုဝေးချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

သပိတ်စစ်ကြောင်းကို လာရောက်ဖြိုခွင်းတာမျိုးမရှိပေမယ့် ဂပ်ကွက်လမ်းကြားတွေအထိ အတားအဆီးတွေကို လိုက်လံဖယ်ရှားနေတာတွေတော့ ရှိနေပါတယ်။ 

မနေ့ကတော့ မုံရွာမြို့မှာ အထိအခိုက်အကျအဆုံးမရှိခဲ့ပါဘူး။  ဒီနေ့မှာလည်း မနက်ပိုင်းထိ ထိခိုက်ကျဆုံးတာ မရှိသေးဘဲ တချို့နေရာတွေမှာတော့ ရင်ဆိုင်ခုခံဖို့ ပြင်ဆင်နေတာတွေတော့ ရှိနေပါတယ်။

1 month Ago
Up