မုံရွာသပိတ်စစ်ကြောင်းခေါင်းဆောင်

April 15, 2021

မုံရွာသပိတ်စစ်ကြောင်းခေါင်းဆောင် ကိုဝေမိုးနိုင်ကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီး

မုံရွာသပိတ်ခေါင်းဆောင်ကို ကားနဲ့ဝင်တိုက်ပြီးဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

မုံရွာမြို့ရဲ့ သပိတ်စစ်ကြောင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ကို ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီကျော် အချိန်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေက ဖမ်းဆီးခဲ့တာပါ။

ပင်မသပိတ် စတင်ထွက်ခွာတဲ့ သာစည်လမ်း ယင်းမာမြိုင်လမ်းထိပ်အနီးမှာ ကိုဝေမိုးနိုင် စီးလာတဲ့ဆိုင်ကယ်ကို ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေဆီက သိရပါတယ်။

8 months Ago
Up