မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်း

March 12, 2021

မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းတွင် ပြည်သူလူထု အင်အားသောင်းချီပါဝင်ဆန္ဒပြ

မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁၂ ရက်မနက်က လူအင်အားသောင်းချီနဲ့ပါဝင် ပြုလုပ်ခဲ့ပါတယ်။ 

ဒီလူထုလှုပ်ရှားမှုမှာ လူအင်အား သောင်းချီပါဝင်လာတာက မတ်လ ၃ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်ပိုင်း အများဆုံး အရေအတွက်လည်း ဖြစ်ပါတယ်။ 

ဒီနေ့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို အေးအေးချမ်းချမ်းနဲ့ အနှောင့်အယှက်မရှိ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ 

မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်‌ရေး  ရက်ပေါင်း ၄၀ ဝန်းကျင်အတွင်း လူ ၉  ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

9 months Ago
Up