မုံရွာမြို့ဝင်

March 28, 2020

မုံရွာမြို့ဝင်တွင် ယာဉ် ၄ စီး ဆင့်တိုက်မှုဖြစ်၊ ၃ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဝင် မုခ်ဦးနားမှာ မီးသတ်ပြန်လာတဲ့ ကားနဲ့ လိုက်ထရပ်၊ ဆီပပေပါတင်ကား၊ ဆိုင်ကယ်တို့ ၄ စီးဆင့်တိုက်မိပြီး ၃ ယောက် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မီးသတ်ကားနဲ့ ဆီတင်ကားတို့ကတော့ လမ်းဘေးရေမြောင်းထဲကို ထိုးကျခဲ့ပြီး လိုက်ထရပ်နဲ့ ဆိုင်ကယ်ကတော့ လမ်းဘေးမှာ လွင့်စင်ခဲ့ပါတယ်။ မီးသတ်ကားက မအူကျေးရွာမှာ မီးလောင်မှုဖြစ်ရာကနေ ပြန်လာခဲ့တာဖြစ်ပြီး ဒန်ကိုဆီဆိုင်ကထွက်လာတဲ့ လိုက်ထရပ်နဲ့ စတင်တိုက်မိရာကနေ ဆင့်တိုက်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။  လတ်တလောမှာတော့ သက်ဆိုင်ရာက အခင်းဖြစ်ရာ အသေးစိတ်အကြောင်းရင်းတွေကို စုံစမ်းနေဆဲဖြစ်ပြီး ရေမြောင်းထဲထိုးကျတဲ့ မီးသတ်ကားနဲ့ ဆီပေပါတင်ကားတို့ကို ပြန်လည်ဆယ်ယူရရှိရေး လုပ်ဆောင်နေကြပါတယ်
2 years Ago
Up