မုံရွာနှင့်ရွှေဘို

October 2, 2021

မုံရွာနှင့်ရွှေဘိုတွင် ဓားပြမှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှုတို့ဖြင့် ဖမ်းဆီးထောင်ချခံရသူများ ပြန်လွတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အချုပ်သား ၉ ယောက်ကို  အောက်တိုဘာ ၁ ရက် ညနေပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

"ကျနော်တို့ သိရသလောက်ကတော့ အခုလွတ်ပေးတဲသူတွေကတော့ မုံရွာမြို့ပေါ်လုယက် ဓားပြတိုက်တဲ့သူ ၈ ယောက်နဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို ခိုးယူ မုဒိန်းကျင့်တဲ့သူ ၁ ယောက်ဖြစ်တယ်” လို့ ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်ကနေ အောက်တိုဘာလ ၁ ရက် ညနေ ၆ နာရီလောက်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူတချို့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ ၅၀ လောက်ရှိပြီး စစ်ကောင်စီကနေ လွတ်ငြိမ်းချမ်းသာပေးတဲ့အတွက် လွတ်မြောက်လာတာလို့ သိရပါတယ်။

4 weeks Ago
Up