မုံရွာစက်မှုဇုန်ရပ်ကွက်

May 11, 2021

မုံရွာစက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်

မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၁၀ ရက် ည ၁၀ နာရီခွဲလောက်က   မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

စက်မှုဇုန်ရပ်ကွက်နေ ပြည်သူတစ်ဦးက “ အခုမီးလောင်တာက ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။ ဘယ်ကစလောင်တယ်ဆိုတာမသိပါဘူး  ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတော့  မီးလောင်ပြီး ပြာကျသွားတယ်” လို့ပြောပါတယ်။

မီးလောင်မှုမှာ လူတွေထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။  မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ မသိရသေးပါဘူး။ 

7 months Ago
Up