မုံရွာမြို့နှင့် ၁၄ မိုင်ခန့်အကွာ ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ ငလျင်လှုပ်

June 26, 2018

မုံရွာမြို့နှင့် ၁၄ မိုင်ခန့်အကွာ ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ ငလျင်လှုပ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အနီး ဒီကနေ့ မနက်က အင်အား ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားကြောင်း မိုးဇလကဌာနက ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇွန်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ (၃၂)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၇၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မုံရွာမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၄ ဒီဂရီ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး  အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း ဖော်ပြပါတယ်။
3 years Ago
Up