မုံရွာမြို့

May 18, 2019

မုံရွာမြို့တွင် အင်အား ၄.၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ မနက်အစောပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ မေ ၁၈ ရက်နေ့ ၀၁ နာရီ ၄၇ မိနစ် ၃၁ စက္ကန်Yအချိန်က မုံရွာမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ။ မြောက်လတ္တီတွဒ် ၂၂.၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၅ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
2 years Ago

January 5, 2019

မုံရွာမြို့ မြို့သစ်ရပ်ကွက်တွင် နေအိမ်နှင့်အဆောက်ဦးအချို့ မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းဘေးမှာ ဇန်နဝါရီလ ၄ ရက်နေ့ ည ၉ နာရီခွဲကျော်အချိန်လောက်က နေအိမ်၊ အထည်ဆိုင် အဆောက်အဦတွေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တာကို အချိန် နာရီဝက်ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် ဆင်ဖြူတော် ပိုလာဖီး လူနေ အထည်ဆိုင် ၁ လုံး၊ ဂိုဒေါင် ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းတော့ မသိရသေးပါဘူး။ အခု မီးလောင်မှုက မုံရွာမြို့မှာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ် လောင်ကျွမ်းတာလည်း ဖြစ်ပါတယ်။ မီးလောင်တာကိုတော့ သက်ဆိုင်ရာက အသေးစိတ်စစ်ဆေးနေဆဲဖြစ်ပါတယ်။
2 years Ago
More News
Up