မုံရွာတွင် လူငယ်

July 14, 2017

မုံရွာတွင် လူငယ် ၄ ဦး ရေဆင်းချိုးရာမှ ၁ ဦးပျောက်ဆုံးနေ

မုံရွာမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ ညောင်ကိုင်းအင်း ရေသွင်းပေါက်အနီးမှာ ဇူလိုင် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်က  လူငယ် ၄ ယောက် ရေဆင်းချိုးရာကနေ အသက် ၁၈ နှစ် အရွယ် မောင်ရဲမင်းဇော် ဆိုသူ ရေနစ်ပြီး ပြန်ပေါ်မလာတော့တဲ့အတွက် မုံရွာခရိုင် မီးသတ်တပ်ဖွဲ့က ရှာဖွေရေးတွေပြုလုပ်နေပါတယ်။ အခင်းဖြစ်ပြီးချိန်ကစလို့ ခရိုင်မီးသတ်ဦးစီးမှုး ဦးအောင်ခင်ဆင့် ဦးစီးကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော်က ည ၁၀ နာရီခွဲ အချိန်ထိ ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် ရှာဖွေမတွေ့တာကြောင့် ရပ်နားခဲ့ရပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၆ နာရီကနေ စတင်ကာ ရေငုပ်သမား ၄ ဦးနဲ့ ရှာဖွေရေးတွေ ပြုလုပ်နေပေမယ့် အခုအချိန်ထိ မတွေ့ရှိသေးပါဘူး။ ပျောက်ဆုံးနေသူကတော့ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်၊ ရွှေကုန်းရပ်နေ အဘ ဦးပူတူး၊ အမိ ဒေါ်ပပလှိုင်တို့ရဲ့သားဖြစ်တယ်လို့သိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ချိန် စုစုပေါင်း ၁၂ နာရီခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ အင်းစပ်မှာလည်း မနေ့ကတည်းက လာကြည့်သူတွေ များပြားနေပါတယ်။ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကတော့ ရေငုပ်ရှာဖွေတာ၊ ဝါးနဲ့ထိုးရှာဖွေတာ၊ ချိတ်နဲ့ချိတ်ရှာဖွေတာတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ အောင်ကိုလတ်
6 years Ago
Up