မုံရွာတွင် ငုံးမွေးမြူရေးခြံ

August 2, 2017

မုံရွာတွင် ငုံးမွေးမြူရေးခြံ မီးလောင်မှုဖြစ်ပွား

မုံရွာမြို့၊ ရွှေပြည်အေးရပ်ကွက်၊ နယ်မြေ ၁၃ ငုံးမွေးမြူရေးဇုန်၊ ကွင်းအမှတ် ၁၄ ဦးစည်သူကျော်ပိုင်ဆိုင်တဲ့ ငုံးမွေးမြူရေးခြံမှာ ဩဂုတ် ၁ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ငုံးအစာကြိတ်စက်မော်တာ အပူလွန်ကဲရာက မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်ကား ၉ စီး လာရောက်ငြှိမ်းသတ်ခဲ့ကာ ၅ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၃၂ သိန်းကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ငုံးခြံအတွင်း မွေးမြူထားတဲ့ ငုံးကောင်ရေ ၁၂၀ နဲ့ ငုံးဥတွေ သေကျေပျက်စီးခဲ့ပြီး အဆောက်အဦတ၀က်လည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက (ပ)၈၅၃/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရအမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ မုံရွာမြို့ ငုံးမွေးမြူရေးဇုန်မှာ မွေးမြူရေးလုပ်ငန်းရှင် (၃၄) ဦး၊ ငုံးခြံ (၃၉) ခြံ၊ ငုံးကောင်ရေ ၃၅၈၀၀၀ ကောင် မွေးမြူထားတယ်လို့ မုံရွာခရိုင်မွေးမြူရေးနဲ့ ကုသရေးစာရင်းတွေအရ သိရပါတယ်။
4 years Ago
Up