မိုးကြီးနိုင်

October 11, 2018

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ မိုးကြီးနိုင်

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယနိုင်ငံ မြို့ ၂ မြို့ရဲ့ ပင်လယ်ပြင်ကို  ဗဟိုပြုနေပြီး မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်း တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“တစ်လီ” ဟာ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူ မြို့(Gopalpur) ရဲ့ တောင်-အရှေ့တောင်ဘက် ၆၅ မိုင်ခန့်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam) ရဲ့ အရှေ့တောင်ဘက် (၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့င်မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ပြီး ရေပြင်/မြေပြင်လေဟာ ၁ နာရီ မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၉ ပေကနေ ၁၂ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေကနေ ၉ ပေလောက် ရှိနိုင်ပါတယ်။
3 years Ago

September 1, 2018

မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးနိုင်

ဒီနေ့ မနက် ၇ နာရီ တိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာ နေရာကွက်ကျား၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ၇ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့နဲ့ အနီးတ၀ိုက်မှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။
3 years Ago
Up