မိုးကြီးရေလျှံ

August 14, 2018

အိန္ဒိယတွင် မိုးကြီး ရေလျှံမှုကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ကဲရာလာပြည်နယ်မှာ သြဂုတ် ၁၃ ရက်နေ့က မိုးကြီးရေလျှံတာကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့တယ်လို့ စီစီတီဗွီ သတင်းအရ သိရပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံထိရှိပြီး လူ ၅၄,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။ ဒေသတွင်း ရပ်ကွက်အတော်များများမှာ ရေကျသွားပေမယ့် ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝကတော့ ပုံမှန် ပြန်မဖြစ်သေးပါဘူး။ ကဲရာလာပြည်နယ်အတွင်း ဒီနှစ်မိုးရေချိန်ဟာ နှစ်စဉ် ပျမ်းမျှမိုးရေချိန်ထက် လေးဆ ပိုများခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ဆိုပါတယ်။ ကဲရာလာပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းတဲ့ မြစ် ၄၄ ခု ရှိတာကြောင့် မုတ်သုံရာသီအတွင်း ဆိုးဆိုးရွားရွား ရေကြီးနေတာဖြစ်ပါတယ်။
3 years Ago

May 31, 2016

ဂျာမနီတွင် မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် လူ ၃ ဦး သေဆုံး

ပြီးခဲ့တဲ့ရက်တွေအတွင်း ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေမှာ လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်ထဲရေးဌာန ပြောခွင့်ရသူက မေလ ၃၀ ရက်နေ့မှာ ပြောပါတယ်။ မြေအောက်ကားရပ်နားခန်းမှာ ရေတွေဝင်လာပြီး အချိန်မီ ပြန်မထွက်နိုင်တဲ့အတွက် အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာလို့ ဘေဒင် ၀ါဒင်ဘတ် (Baden-Wuerttemberg) ပြည်နယ် ပြည်ထဲရေးဌာနက ပြောဆိုပါတယ်။ နောက်တနေရာမှာတော့ ရေနစ်နေသူတဦးကို မီးသတ်တပ်ဖွဲ့ဝင်တဦးက ကယ်ဆယ်ဖို့ ကြိုးစားရင်း ရေနစ်သူရော၊ မီးသတ်တပ်ဖွဲ့ဝင်ပါ သေဆုံးခဲ့ပါတယ်။ ဘဟောင်းဘတ်မြို့မှာတော့ မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ လောက် နေအိမ်နစ်မြုပ်သူတွေကို တအိမ်ချင်း၊ သွားရောက်ရှာဖွေ ရွှေ့ပြောင်းပေးနေကြပါတယ်။ ပြီးခဲ့တဲ့တပတ် စနေနေ့ကတော့ ပြင်သစ်နိုင်ငံမြောက်ပိုင်းနဲ့ ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းတို့မှာ မိုးသက်လေပြင်းကျ၊ မိုးကြိုးပစ်ခတ်မှုတွေအတွင်း လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
6 years Ago
Up