မိုးကြိုးမုန်တိုင်း

April 2, 2019

နီပေါတွင် မိုးကြိုးမုန်တိုင်း ဝင်ရောက်မှုကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး ရာနှင့်ချီ ဒဏ်ရာရ

နီပေါနိုင်ငံတောင်ပိုင်းမှာ မတ်လ ၃၁ ရက် နှောင်းပိုင်းက ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် လူအယောက် ၃၀ ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ မုန်တိုင်းကြောင့် လမ်းပေါ်ကနေ ဘေးကိုထိုးဆင်းသွားတဲ့ ဘတ်စ်ကားပေါ်က သေဆုံးသူ ခရီးသည်တွေလည်း ပါဝင်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက မုန်တိုင်းကျရောက်ရာနေရာကို သွားရောက်နေဆဲမို့ သေဆုံးသူအရေအတွက် မြင့်တက်နိုင်တယ်လို့ ဘာရာခရိုင် ထိပ်တန်း ဗျူရိုကရက်တဦးက ပြောပါတယ်။ မုန်တိုင်းကြောင့် ဘာရာနဲ့ ပါဆာခရိုင်တွေမှာ နေအိမ်တွေပျက်စီး၊ မော်တော်ယာဉ်တွေ တိမ်းမှောက်ပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ ဘာရာခရိုင်ဟာ ခတ္တမန္ဒူမြို့ကနေ ၆၂ ကီလိုမီတာအကွာမှာ တည်ရှိပြီး အိန္ဒိယပြည်နယ် အရှေ့ပိုင်း ဘီဟာပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နီပေါနိုင်ငံမှာ နွေကာလ မုတ်သုံအကြို မိုးကြိုးမုန်တိုင်းတွေ ဝင်ရောက်လေ့ရှိပေမယ့် လူအသေအပျောက်များလောက်အောင် ပြင်းထန်တာမျိုးကတော့ အဖြစ်နည်းပါတယ်။ မုန်တိုင်းသင့်နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်ထားတယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

နီပေါတွင် ပြင်းထန်သည့် မိုးကြိုးမုန်တိုင်း ကျရောက်၊ လူ ၂၅ ဦးထက်မနည်း သေဆုံး

နီပေါနိုင်ငံတောင်ပိုင်းမှာ မတ်လ ၃၁ ရက်နေ့ နှောင်းပိုင်းက ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး ၄၀၀ ဝန်းကျင် ဒဏ်ရာရတယ်လို့ ဝန်ကြီးချုပ် ကေပီ ဆာမားအိုလိုင်းက လူမှုကွန်ရက်စာမျက်နှာ တွစ်တာမှာ ရေးသားပါတယ်။ ကယ်ဆယ်ရေးသမားတွေက မုန်တိုင်းကျရောက်ရာနေရာကို သွားရောက်နေဆဲမို့ သေဆုံးသူအရေအတွက် မြင့်တက်နိုင်တယ်လို့ ဘာရာခရိုင် ထိပ်တန်း ဗျူရိုကရက်တဦးက ပြောပါတယ်။ အဲဒီ ဘာရာခရိုင်ဟာ ခတ္တမန္ဒူမြို့ကနေ ၆၂ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ အဲဒီခရိုင်ဟာ အိန္ဒိယပြည်နယ် အရှေ့ပိုင်း ဘီဟာပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နီပေါနိုင်ငံမှာ နွေကာလ မုတ်သုံအကြို မိုးကြိုးမုန်တိုင်းတွေ ဝင်ရောက်လေ့ရှိပေမယ့် လူအသေအပျောက်များလောက်အောင် ပြင်းထန်တာမျိုးကတော့ ရှားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up