မိုးလေ၀သပညာရှင်ပြော

August 27, 2017

တိုက်ဖွန်းမုန်တိုင်းကြောင့် တရုတ်တွင် ရေကြီးမည်ဟု မိုးလေ၀သပညာရှင်ပြော

တိုင်ဖွန်းမုန်တိုင်း ပါခါဟာ တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်တော့မှာ ဖြစ်ပြီး ဟောင်ကောင်၊ မကာအို၊ ကွမ်တုံပြည်နယ် အနောက်ပိုင်းနဲ့ ကွမ်းရှီးပြည်နယ် တောင်ပိုင်းတွေမှာ ရေကြီးလိမ့်မယ်လို့ မိုးလေဝသ ပညာရှင် အဒမ် ဒေါင်တီက ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းက ဟတိုးမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ပါခါမုန်တိုင်းက ဝင်ရောက် တိုက်ခတ်မှာပါ။ သြဂုတ် ၂၃ ရက် မနက်က ဝင်ရောက်ခဲ့တဲ့ ဟတိုးမုန်တိုင်းကြောင့် လူအနည်းဆုံး ၁၆ ယောက် သေဆုံးတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ပါခါမုန်တိုင်းက ဟတိုးမုန်တိုင်းလောက် အားမကောင်းဘူးလို့ ခန့်မှန်းထားပေမယ့် မိုးသည်းလို့ ရေပါတဲ့အတွက် ရေပိုကြီးနိုင်တယ်လို့ ဒေါင်တီက ပြောပါတယ်။ ဟတိုးမုန်တိုင်းကြောင့် မြေသားတွေ ရေနူးနေတဲ့အတွက် ရွှံ့မြေပြိုကျတာနဲ့ ရေကြီးတာ ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လေပြင်းနဲ့ မုန်တိုင်းအရှိန်ုကြောင့် အပင်တွေ အမြစ်ကနေ ကျွတ်ထွက်တာနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ ဖြစ်နိုင်ပါတယ်။ မုန်တိုင်းက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကို ဝင်ရောက်အပြီး အားပျော့လာမယ်၊ အင်္ဂါနေ့ထိ မိုးကြီးမယ်၊ အဲဒီနောက် အနောက်ဘက် ဗီယက်နမ် နိုင်ငံဆီကို ဆက်လက် ရွှေ့လျားမယ်လို့လည်း ခန့်မှန်းထားပါတယ်။
4 years Ago
Up