မိုးခေါ်လွန်ဆွဲ

May 3, 2019

အောင်မြေသာစံမြို့နယ်တွင် မိုးခေါ်လွန်ဆွဲပွဲ ကျင်းပ (ဓာတ်ပုံ)

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်ရှိ ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားအနီးမှာ မေ ၂ ရက် ညနေ ၄ နာရီက မိုးခေါ်လွန်ဆွဲပွဲ ကျင်းပခဲ့ပါတယ်။ ဒီလွန်ဆွဲပွဲကို ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရား ဂေါပကအဖွဲ့နဲ့ ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပတာပါ။ ဒီမိုးခေါ်လွန်ဆွဲပွဲမှာ အမျိုးသားအဖွဲ့တဖက်၊ အမျိုးသမီးအဖွဲ့တဖက် ငါးချီ အပြိုင်လွန်ဆွဲခဲ့ကြပြီး သံချပ်နဲ့ အားပေး ဖျော်ဖြေခဲ့ပါတယ်။ မိုးခေါ်လွန်ဆွဲပွဲကို မေ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပမှာပါ။ အခုလို မိုးခေါ်လွန်ခေါ်ပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်နဲ့ ပြည်ကြီးတံခွန်မြို့နယ် ယောမင်းကြီးလမ်း၊ ၆၁ လမ်းနဲ့ ၆၂ လမ်းကြား စတဲ့နေရာတွေမှာလည်း မေ ၁ ရက်မှ ၃ ရက်နေ့ထိ ကျင်းပတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - သော်တာ  
2 years Ago
Up