မိုးကောင်းမြို့နယ်အတွင်း ကားတစီး ဖောက်ခွဲခံရ၊ ၂ ဦးဒဏ်ရာရ

July 7, 2016

မိုးကောင်းမြို့နယ်အတွင်း ကားတစီး ဖောက်ခွဲခံရ၊ ၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ဖားကန့်တက်တဲ့ ကားတစီး ဒီကနေ့မနက်က ဖောက်ခံခွဲခံရပြီး ကားပေါ်ပါ လူ ၄ ဦးအနက် ၂ ဦးဒဏ်ရာရရှိပြီး မိုးကောင်းဆေးရုံမှာ ပို့ဆောင်ကုသခဲ့ရပါတယ်။ ဖြစ်စဉ်မှာ မိုးကောင်းကနေ ဖားကန့်ကိုသွားတဲ့ အရပ်သားကားတစီး မိုးကောင်းနဲ့ ၈ မိုင်လောက်ဝေးတဲ့ ပါဟုတ်ဆိုတဲ့ ရွာအနီးမှာ ဖောက်ခွဲခံရတာလို့ မိုးကောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။ “လောလောဆယ်တော့ အဲဒီလူနာနှစ်ယောက်ကတော့ မိုးကောင်းဆေးရုံမှာ တင်ထားရတာဗျာ။ ပါဟုတ်ဆိုတဲ့ရွာနားမှာ ခွဲခံရတာ။ ၈ မိုင်လမ်းခွဲပေါ့။ မိုးကောင်းနဲ့ ၈ မိုင် ဝေးတယ်။ ကားက လိုင်ခရူဇာ ကားပေါ်မှာ ၄ ယောက်ပါတယ်ပြောတယ်။ ၂ ယောက်က ဒဏ်ရာရတယ်။ မိုင်းအရှိန်နဲ့ မှန်စတွေက မှန်ဆူးတာတို့ ရှတာတို့နဲ့ ဆေးရုံရောက်တာ။ လူနာကတော့ မစိုးရိမ်ရဘူး။ ကျန်နှစ်ယောက်က ဘာမှမဖြစ်ဘူး။” မနက် ၈ နာရီကျော်လောက်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဆွဲမိုင်းနဲ့ ဖောက်ခွဲခံခဲ့ရတာလို့ ပြောပါ တယ်။ ဖောက်ခွဲခံရတဲ့ ကားဟာ အရပ်သားကားဖြစ်ပြီး မည်သည့်အဖွဲ့အစည်း ဖောက်ခွဲဆိုတာကိုတော့ မသိရသေးပါဘူး။
5 years Ago
Up