ဂရိနိုင်ငံ မြောက်ပိုင်းမှာ ဇူလိုင် ၁၀ ရက်နေ့ နှောင်းပိုင်းက လေပြင်းတွေနဲ့အတူ မိုးသီးမုန်တိုင်း ကျရောက်အပြီး ကလေး ၂ ယောက် အပါအဝင် နိုင်ငံခြားသား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆိုးရွားတဲ့ မိုးလေဝသကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်သလို အိမ်အမိုးတွေလည်း ပြိုကျခဲ့တာပါ။
ကမ္ဘာလှည့်ခရီးသည်တွေရဲ့ နွေရာသီ အပန်းဖြေစခန်းသာ ဟယ်ကီဒီကီကျွန်းဆွယ်မှာ လေပြင်းတိုက်အပြီး အပျက်အစီးတွေ ကျန်ရစ်ပုံကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။
ချက်သမ္မတနိုင်ငံက သက်ကြီးခရီးသည် ၂ ယောက်၊ ရိုမေးနီးယားနဲ့ ရုရှားနိုင်ငံသား ၂ ယောက်စီ သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
“ခုလိုရာသီမှာ ပုံမှန်အားဖြင့် ပူအိုက်ခြောက်သွေ့တဲ့ ဂရိနိုင်ငံမှာ ရာသီဥတုဆိုးရွားတာ ရှားပါတယ်။ အခြေအနေတွေက အလွန်အမင်း မကြုံစဘူး ထူးကဲတယ်” လို့ မိုးလေဝသပညာရှင် ကလဲယာ့ဆော့စ် မာရောင်ဆာကီက ပြောပါတယ်။
အာဏာပိုင်တွေက ဒေသတွင်းမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး ပြည်သူ့ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့ အစောပိုင်းမှာ လာရောက်ကြည့်ရှု စစ်ဆေးပါတယ်။ မီးသတ်သမား အယောက် ၁၄၀ ထက်မနည်း ဒေသတွင်းကို ရှင်းလင်းနေကြပါတယ်။
2 years Ago