မိုးသည်းထန်မှုကြောင့် နယူးဇီလန်မြောက်ပိုင်းတွင် ရေကြီး၊ ဒေသခံများကို ရွှေ့ပြောင်း

March 9, 2017

မိုးသည်းထန်မှုကြောင့် နယူးဇီလန်မြောက်ပိုင်းတွင် ရေကြီး၊ ဒေသခံများကို ရွှေ့ပြောင်း (ရုပ်သံ)

မတ် ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နယူးဇီလန်မြောက်ပိုင်း ကျွန်းပေါ်က ကိုရိုမန်ဒယ်ဒေသမှာ ရေကြီးရေလျှံဖြစ်ကာ လူတွေကို နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အောက်ကလန်း အပါအဝင် မြောက်ပိုင်းကျွန်းပေါ်က နေရာတော်တော်များများမှာ ပြင်းထန်တဲ့ ရာသီဥတု သတိပေးချက်တွေ ကြေညာပေးနေတယ်လို့ ဒေသတွင်း ရုပ်သံဌာန တီဗွီအန်ဇက်ဇ်ကတဆင့် သိရပါတယ်။ လူနာတင်ယာဉ်တွေ၊ ထရပ်ကားတွေနဲ့ နေရာတိုင်းမှာ အပျက်အစီးတွေ ရှုပ်ယှက်ခတ်နေပါတယ်လို့ ဒေသခံတဦးကလည်း ပြောခဲ့ပါတယ်။ အဲဒီဒေသရဲ့ လမ်းတွေတော်တော်များများ ပိတ်ထားရပြီး ဟန်နူအာတောင်တန်းဒေသ အမျိုးသားဥယျာဉ်တဝိုက်မှာ အသည်းအသန်ရေကြီးမှု ဖြစ်နေပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up