မိုးသက်မုန်တိုင်း

August 30, 2018

တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်းတိုက်ခတ်၍ ရေကြီး

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ်ထဲက မြို့အတော်များများမှာ သြဂုတ် ၂၉ ရက်က မိုးသက်မုန်တိုင်းတွေ တိုက်ခတ်ခဲ့လို့ သိသိသာသာ ရေကြီးခဲ့ပါတယ်။ ဒါကြောင့် ယာဉ်ကြောအနှောင့်အယှက် ဖြစ်ခဲ့ပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပါတယ်။ ကွမ်ကျိုးမြို့ မီးသတ်ဌာနဟာ ရေဘေးနဲ့ဆိုင်တဲ့ အရေးပေါ်ကိစ္စ အစီရင်ခံစာ အစောင် ၁၀၀ လောက်ကို တနေကုန် လက်ခံဖြေရှင်းပေးခဲ့ရတာပါ။ ကျင်းကျန်းမြို့နယ်မှာ မိုးရေချိန်က ၂၀၀ မီလီမီတာကို ကျော်ခဲ့ပြီး လမ်းဆုံပေါင်း ၆၀ ကျော် ရေမြုပ်ခဲ့လို့ လမ်း ၇ လမ်းကို ယာယီပိတ်ခဲ့ရပါတယ်။ ရှားမန်းမြို့မှာ မိုးကြီးလို့ လူနေထူထပ်တဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ခါးလောက်ထိ ရေကြီးနေပါတယ်။
3 years Ago
Up