မိုးပျံရထား

May 4, 2019

မိုးပျံရထားစီမံကိန်းဧရိယာထဲမှ အဆောက်အဦများ ပြင်ဆင်တိုးချဲ့ ရောင်းချပါက လျော်ကြေးမပေး

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း အပိုင်း ၁ ဧရိယာထဲမှာရှိနေတဲ့ အဆောက်အဦတွေကို မေလ ၆ ရက်နေ့ နောက်ပိုင်းမှာ ပြင်ဆင်၊ တိုးချဲ့၊ ရောင်းချတာတွေ လုပ်မယ်ဆိုရင် လျော်ကြေးရမှာ မဟုတ်ဘူးလို့ မြို့တော်ဝန်က ကြေညာပါတယ်။ ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကနေ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်တာတွေကို စစ်တမ်းကောက်ယူဖို့ ရှိပါတယ်။ ဒီအတွက် မေလ ၆ ရက်က စတင်မှာဖြစ်ပြီး ဒီနေ့နောက်ပိုင်းမှာ ဧရိယာထဲမှာရှိတဲ့ အဆောက်အဦတွေကို ပြုပြင်တာ၊ တိုးချဲ့တည်ဆောက်တာ၊ အသစ်တည်ဆောက်တာ၊ မြေယာလွှဲပြောင်းတာ၊ ရောင်းချတာတွေ လုပ်မယ်ဆိုရင် မြေယာလျော်ကြေးနဲ့ ပြန်လည်နေရာချထားရေး၊ ဂရုဏာကြေးပံ့ပိုးပိုးမယ့် အစီအစဉ်တွေ ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူမယ့်နေ့ကိုတော့ ဇွန်လ ၃၀ ရက်အထိ သတ်မှတ်ထားပါတယ်။ စီမံကိန်းမှာ ကနဦးတည်ဆောက်မှာကတော့ လှိုင်သာယာ-ပါရမီလမ်းဖြစ်ပြီး လှိုင်သာယာဘူတာကနေ ရန်ကုန်- ပုသိမ်လမ်းအတိုင်း လှိုင်မြစ်ကိုဖြတ်ပြီး ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိ ဖြစ်ပါတယ်။ စီမံကိန်းနယ်မြေကတော့ လှိုင်သာယာဘူတာပရဝုဏ်မှာ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတလျှောက်မှာ ရထားလမ်းအလယ်မျဉ်းရဲ့ တဖက်တချက်စီ ၁၄ မီတာခွဲ (၄၇ ပေခွဲကျော်)၊ ပါရမီလမ်းတလျှောက်မှာ ရထားလမ်းအလယ်မျဉ်းရဲ့ တဖက်တချက်စီ ၁၁ မီတာ (၃၆ ပေကျော်) ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရနဲ့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းလုပ်ဆောင်နေတာပါ။
4 years Ago

December 2, 2015

ကားကျပ်သည့် ဘန်ကောက်တွင် မြေအောက်ရထား၊ မိုးပျံရထားများဖြင့် လည်ပတ်နိုင် (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ အမ်အာရ်တီ မြေအောက်နဲ့ မိုးပျံရထားတွေနဲ့ လည်ပတ်နိုင်ပါတယ်။ ဒီလို လည်ပတ်တာဟာ မြန်ဆန်သလို ဈေးနှုန်းလည်း သက်သာတယ်လို့ ဆိုပါတယ်။ အမ်အာရ်တီတွေကို နေ့စဉ် လူ ၂ သိန်းကျော် အသုံးပြုသလို ဒီရထားကို အသုံးပြုပြီး သွားမယ်ဆိုရင်တော့ ကားပိတ်ကားကြပ်တာကို ရှောင်လွှဲနိုင်မယ်လို့ ထိုင်း ဘန်ကောက်ပို့စ်သတင်းရဲ့ ရုပ်သံဖိုင်မှာ ဖော်ပြပါတယ်။ လက်မှတ်တွေကိုလည်း နေ့စဉ်ဖြတ်သန်းခွင့်အတွက် ၁၂၀ ဘတ်၊ ၃ ရက်တာအတွက် ၂၃၀ ဘတ်နဲ့ လစဉ်အတွက်ကတော့ ၁၄၀၀ ဘတ်ကျမယ်လို့ ဆိုပါတယ်။ ကတ်အတွက် စရံငွေ ဘတ် ၅၀ နဲ့ ဘတ် ၃၀ ကတော့ အာမခံကြေးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျသင့်ငွေ ပေးဆောင်ပြီးတော့ လိုအပ်တဲ့ခရီးကို သွားရောက်နိုင်မှာ ဖြစ်ပါတယ်။ ရထားတွေက ၅ မိနစ်ခြားတခါ ထွက်နေသလို ရုံးချိန်တွေမှာတော့ ၃ မိနစ်ခြားတခါ ထွက်တယ်လို့ ဆိုပါတယ်။ ဂိတ်စကနေ အဆုံးထိ သွားရောက်ဖို့ မိနစ် ၃၀ ကြာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမ်အာရ်တီတွေကို အသုံးပြုပြီး ဘန်ကောက်မှာ သွားရောက်နိုင်မယ့် လမ်းကြောင်းတချို့ကိုလည်း ရှင်းပြထားပါတယ်။ ၁၉၉၆ နိုဝင်ဘာမှာ အမ်အာရ်တီ ရထားတွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၄ ဇူလိုင်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရထားအတွက် လမ်းကြောင်းတွေကို တိုးချဲ့တည်ဆောက် လုပ်ကိုင်နေတာတွေလည်း ရှိနေပါတယ်။ ရုပ်သံ - ဘန်ကောက်ပို့စ်
7 years Ago
Up