ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လွယ်ခမ်းတောင် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဇန်န၀ါရီ ၃၁ ရက်နေ့ ညနေပိုင်းက လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာနဲ့ မော်ဟန်ကျေးရွာကြား လွဲခမ်းတောင်ပေါ် ရွှေဘိုမြစ်ကြီးနားပြည် ထောင်စုလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၃၁ နေ့ ညနေ ၅ နာရီ ၄၀ မှာ လက်လုပ်မိုင်းတလုံးကို လမ်းတံတားဆောက်လုပ်ရေးအဖွဲ့က တွေ့ရှိခဲ့တာလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
မိုင်းတွေ့ရှိရာ နေရာကို နယ်မြေခံ တကရ (၆၀၀၇) တပ်ရင်းက တာဝန်ရှိသူတွေနဲ့ မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက တာဝန်ရှိသူတွေက မိုင်းအန္တရာယ် အချိန်မီရှင်းလင်းနိုင်ရေး
ဆောင်ရွက်နေမှုကြောင့် အတက်အဆင်းကားကြီး အစီး ၁၀၀ လောက် ခရီးသွားလာမှု ယာယီရပ်ဆိုင်းထားခဲ့ရပါတယ် ။
မိုးကောင်းမြို့ BE တပ် မိုင်းရှင်းလင်းရေးအဖွဲ့ စစ်မြေပြင် အဂျင်နီယာအဖွဲက အဆိုပါမိုင်းကို ရှင်းလင်းဖယ်ရှားခဲ့ပြီး ည ၁၁ နာရီ ၄၀ မိနစ်လောက် အန္တရာယ်ကင်းစွာ ကားလမ်းပွင့်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - မုန်းမုန်းမင်း
6 years Ago