မိုးဇလ

May 22, 2019

ပြည်နယ်တိုင်း ၆ ခုတွင် အပူချိန် သိသိသာသာမြင့်တက်နေဟု မိုးဇလ သတိပေး

မန္တလေးတိုင်းအပါအဝင် ပြည်နယ်တိုင်း ၆ ခုမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေလို့  သတိပြုနေထိုင်ကြဖို့ မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။ မေလ ၁၈ ရက်ကစပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေဟာ  မေလရဲ့ ပုံမှန်အပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်ကနေ ၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့  ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတော့ မေလရဲ့ ပုံမှန် အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၇ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ အဲဒီပြည်နယ်တိုင်း ၆ ခုမှာ  နောက် ၃ ရက်အထိ နေ့အပူချိန်တွေ  မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago

April 19, 2019

နမ့်စန်မြို့နယ်တွင် အင်အား ၄.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မှာ မနေ့ညနေက အင်အား ၄.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၃၇ မိနစ်၊ ၂၆ စက္ကန့်အချိန်မှာ ရှမ်းပြည်နယ် နမ့်စန်မြို့ရဲ့ အရှေ့တောင်ဘက် ၃၅ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၄၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၀၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
3 years Ago
More News
Up