မိုဆူးလ်မြို့ တိုက်ပွဲကို မှတ်တမ်းတင်ထားပုံရတဲ့ ဗွီဒီယိုရုပ်သံတခု လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာပါတယ်။
ရုပ်သံထဲမှာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ (အိုင်အက်စ်)အဖွဲ့ကို ထောက်ခံတဲ့ အာမက်(Amaq)သတင်းဌာနက အမှတ်တံဆိပ်ကို တွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ အိုက်အက်စ် အဖွဲ့က ပစ်ကပ်ကား(pickup)ပေါ်ကနေ အမြောက်နဲ့ လှမ်းပစ်နေတဲ့ပုံနဲ့ စထားပါတယ်။
အဲဒီနောက်မှာ ကားတန်းကြီးဟာ လယ်ကွင်းကို ဖြတ်သန်းသွားပြီး ပစ်ခတ်တဲ့ ပုံတွေ၊ ပေါက်ကွဲတဲ့ ပုံတွေကို တွေ့ရပါတယ်။
အီရတ် စစ်တပ်က မိုဆူးလ်မြို့ကို သိမ်းဖို့ ထိုးစစ်ဆင်နေတဲ့ အချိန်မှာ အခု ဗွီဒီယို ဖိုင် အွန်လိုင်းပေါ်ကို ရောက်လာတာပါ။
အီရတ်စစ်တပ်နဲ့ ကာဒ် တပ်ဖွဲ့တွေဟာ အခုဆိုရင် မိုဆူးလ်မြို့နားက ရွာပေါင်း ၂၀ လောက်ကို သိမ်းပြီး မြို့ကို ချဉ်းကပ်လာနေပါပြီ၊၊
အီရတ်စစ်တပ်က တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းကနေ စစ်မျက်နှာ ဖွင့်ပြီး၊ ကာဒ် တပ်တွေက အရှေ့ဘက် စစ်မျက်နှာကနေ ချီတက်လာနေပါတယ်။
မိုဆူးလ်မြို့ဟာ လူဦးရေ တသန်းခွဲ ရှိပြီး အိုင်အက်အဖွဲ့က သိမ်းထားသမျှ မြို့တွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။
6 years Ago