မိုရီနို

March 28, 2019

လီဗာပူးနောက်ခံလူ မိုရီနိုကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထား

ဘာစီလိုနာအသင်းဟာ လီဗာပူးနောက်ခံလူ မိုရီနိုကို ခေါ်ယူဖို့အတွက် လာမယ့်နွေရာသီမှာ ပစ်မှတ်ထား ကြိုးပမ်းမယ်လို့ သိရပါတယ်။ စပိန်ဘယ်နောက်ခံလူ မိုရီနိုဟာ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး အခုနှစ် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ မိုရီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာဖြစ်ပြီး ယော်ဒီအယ်လ်ဘာရဲ့နောက် အရန်ကစားသမားအဖြစ် အသုံးပြုသွားဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဘယ်နောက်ခံလူ မိုရီနိုဟာ ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ မိုရီနိုဟာ အသင်းကို ရောက်ကာစမှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့် လူငယ်နောက်ခံလူ ရော်ဘတ်ဆန်ရဲ့ ခြေစွမ်းပြမှုတွေကြောင့် အရန်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အာဆင်နယ်နောက်ခံလူ မွန်ရီယယ်ကိုလည်း ခေါ်ယူလိုပေမယ့် မိုရီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်တဲ့အတွက် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ခေါ်ယူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။
3 years Ago

October 16, 2018

လီဗာပူးနောက်ခံလူ မိုရီနိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခွင့်ပြု

လီဗာပူးအသင်းဟာ နောက်ခံကစားသမား အယ်လ်ဘတ်တိုမိုရီနိုကို ရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ မိုရီနိုဟာ နည်းပြ ဂျာဂင်ကလော့ပ်လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူဖြစ်ပြီး သူ့နေရာမှာ အန်ဒီရောဘတ်ဆင်ကိုသာ ပွဲထွက်ခွင့် ပေးထားခဲ့တာပါ။ မိုရီနိုနဲ့ စာချုပ်သက်တမ်း တိုးဖို့အတွက် စကားပြောပြီးနောက်မှာ အဆင်မပြေတဲ့အတွက် အခုလို ထွက်ခွာခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ မိုရီနို ထွက်ခွာခဲ့မယ်ဆိုရင် အသက် ၁၈ နှစ်အရွယ် အဒမ်လူးဝစ်အတွက် ပွဲထွက်ခွင့်ရရှိဖို့ အခွင့်အရေး ရရှိလာမှာလည်း ဖြစ်ပါတယ်။ မိုရီနိုဟာ လီဗာပူးအသင်းအတွက် ၃ နှစ်ခွဲကြာ ကစားပေးခဲ့ပြီး အခုအချိန်မှာတော့ နာပိုလီအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ မိုရီနိုဟာ ဆီဗီလာအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပေါင် ၁၁ သန်းနဲ့ နာပိုလီအသင်းရဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။
3 years Ago
Up