မိုရာမုန်တိုင်းကြောင့်

June 2, 2017

မိုရာမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခုက နေအိမ် ၂ သောင်းခန့် ပျက်စီး

မေလ ၃၀ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ အင်အားပြင်း မိုရာမုန်တိုင်းကြာင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ဧရာဝတီတိုင်းအတွင်း လူနေအိမ် ၄၇၀၂ လုံး  လုံးဝပျက်စီးခဲ့ပြီး၊ ၁၃၅၉၅ လုံး တစိတ်တပိုင်း ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စာသင်ကျောင်း ၃၂၅၊ ရုံးအဆောက်အဦ ၃၂ လုံ၊ ဘာသာရေးအဆောက်အဦ ၅၇ လုံး လုံးဝပျက်စီးပြီး ၄၂၉ လုံး တစိတ်တပိုင်းပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဆေးရုံဆေးခန်း ၂၈ လုံး၊ ၀န်ထမ်းအိမ်ရာ ၂၃ လုံး တံတာ ၃ စင်း၊ ဓာတ်တိုင် ၃၈ တိုင်နဲ့ စက်လှေ ၂၂ စီး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရ ပျက်စီးဆုံးရှုံးမှုအများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး အိမ်ခြေ ၄၆၇၉ လုံး လုံးဝပျက်စီးပြီး ၁၃၅၂၉ လုံး တစိတ်ပိုင်း ပျက်စီးခဲ့သလို စာသင်ကျောင်း ၃၂၂ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အထိခိုက်အများဆုံးကတော့ မောင်းတောမြို့နယ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
4 years Ago
Up