မိုရာတာပြော

July 23, 2017

ချဲလ်ဆီးအတွက် ချန်ပီယံဆုဖလားများရရန် စွမ်းဆောင်ပေးလိုကြောင်း မိုရာတာပြော

ချဲလ်ဆီးအသင်းအတွက် ဂိုးတွေသွင်းယူပြီး ချန်ပီယံဆုဖလားတွေရအောင် စွမ်းဆောင်ပေးချင်တယ်လို့ ကစားသမားသစ် မိုရာတာက ပြောကြားလိုက်ပါတယ်။ အသက် ၂၄ နှစ်ရှိ စပိန်တိုက်စစ်မှူး မိုရာတာအတွက် ချဲလ်ဆီးအသင်းက ပေါင် ၇၀.၆ သန်း ပေးချေခဲ့ရပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ တရားဝင်စာချုပ်ချုပ်ဆိုပွဲကိုလည်း ဇူလိုင် ၂၁ ရက်က ပြုလုပ်ခဲ့ပြီး မိုရာတာအနေနဲ့ ချဲလ်ဆီးအသင်းမှာ တပတ်လုပ်ခပေါင် တစ်သိန်းငါးသောင်းငါးထောင်ရ ရှိမှာပါ။ ချဲလ်ဆီးအသင်းလို ထိပ်တန်းအသင်းတသင်းမှာ ပါဝင်ခွင့်ရတော့မှာဖြစ်လို့ ကျေနပ်ပျော်ရွှင်မိပြီး ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း မိုရာတာ က ပြောကြားခဲ့ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပေမယ့် ပြိုင်ပွဲစုံ ၄၃ ပွဲကစားပြီး ဂိုး၂၀ သွင်းယူပေးခဲ့ပါတယ်။
5 years Ago
Up