မိုရာတာ

January 25, 2019

တိုက်စစ်မှူး မိုရာတာ အသင်းပြောင်းချင်ကြောင်း ပြောခဲ့ဟု ချဲလ်ဆီးနည်းပြ ပြော

ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာက တခြားအသင်းမှာ ပြောင်းပြီး ကစားချင်တယ်လို့ လွန်ခဲ့တဲ့တလက ပြောကြားခဲ့ကြောင်း နည်းပြဆာရီက ထုတ်ဖော်ပြောဆိုပါတယ်။ ဒါ့ကြောင့် မိုရာတာဟာ အသင်းအပေါ် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်နိုင်ခြင်း မရှိဘူးလို့ ဆာရီက ယူဆနေတာ ဖြစ်ပါတယ်။ မိုရာတာဟာ အက်သလက်တီကိုမက်ဒရစ် အသင်းကို ပြောင်းရွှေ့လိုနေပြီး ချဲလ်ဆီးအသင်းမှာ ပျော်ရွှင်ခြင်းမရှိဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မိုရာတာဟာ အခုနှစ်ရာသီ ချဲလ်ဆီးအသင်းအတွက် ၂၄ ပွဲကစားပြီး ၉ ဂိုး သွင်းယူပေးထားပါတယ်။ လက်ရှိမှာလည်း ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်ဟာ အသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်လို့ ပွဲထွက်ခွင့် ပျောက်ဆုံးမှာ စိုးရိမ်နေခဲ့တဲ့ မိုရာတာအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ကိုပဲ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
3 years Ago

December 13, 2018

ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထား

ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ မေရာသတင်းစာရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်ကို အားကိုးနေရတာ လျော့ချချင်တဲ့အတွက် မိုရာတာကို ခေါ်ယူဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာဟာ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေတာကြောင့် ဘာစီလိုနာအသင်းက အမှန်တကယ် ကမ်းလှမ်းလာမယ်ဆိုရင်တော့ လက်ခံစဉ်းစားဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းအနေနဲ့ ခေါ်ယူခွင့်ရခဲ့မယ် ဆိုရင်တောင် ရာသီကုန်အထိ အငှားစာချုပ်နဲ့ပဲ ခေါ်ယူနိုင်ဖို့ များနေပါတယ်။ အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူး မိုရာတာဟာ ချဲလ်ဆီးအသင်းနဲ့ နှစ်ရာသီအတွင်း စုစုပေါင်း ၆၈ ပွဲမှာ ၂၂ ဂိုး သွင်းယူထားပါတယ်။
3 years Ago
More News
Up