မိုဗစ်နှင့်ရိုဂျို

April 22, 2017

မိုဗစ်နှင့်ရိုဂျို ဒဏ်ရာရမှုကြောင့် မော်ရင်ဟို စိုးရိမ်

မန်ယူ တိုက်စစ်မှူး အီဗရာအီမိုဗစ်နဲ့ နောက်တန်းသမား ရိုဂျိုတို့ရဲ့ ဒဏ်ရာတွေအတွက် ရထားလို့ နည်းပြ မော်ရင်ဟိုက စိုးရိမ်နေပါတယ်။ နှစ်ယောက်စလုံးဟာ အန်ဒါလက်အသင်းကို အနိုင်ရတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဒူးဒဏ်ရာတွေ အသီးသီး ရသွားကြတာပါ။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ဘောလုံးယှဉ်လုရင်းကနေ ဒူးဒဏ်ရာ ခဲ့တာပါ။ အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား နောက်တန်းသမား ရိုဂျိုကတော့ တဖက်ကစားသမား တိုက်မိရင်း ဒဏ်ရာရခဲ့တာပါ။ နည်းပြ မော်ရင်ဟိုကတော့ သူတို့ရဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်လို့ အကောင်းမြင်ခြင်ပေမယ့် မြင်လို့ မရဘူး ဖြစ်နေတယ်လို့ ပြောပါတယ်။ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ဒီနှစ်ရာသီမှာ မန်ယူအတွက် ခြေစွမ်းပြပြီး ၂၈ ဂိုး သွင်းယူထားပါတယ်။ မန်ယူ နောက်တန်းမှာ ခရစ် စမောလင်းနဲ့ ဖေးဂျုန်းတို့လည်း ဒဏ်ရာအသီးသီး ရထားပါတယ်။
4 years Ago
Up