မိုဗစ်ခ်ျ

January 29, 2018

မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မည်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ လာမယ့်အပတ်ထဲမှာ လေ့ကျင့်ခန်း အပြည့်အဝ ပြန်လည်ဆင်းနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ မိုဗစ်ခ်ျဟာ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ အောက်စီဂျင်ဘူးနဲ့အတူ စက်ဘီးစီး လေ့ကျင့်ခန်းဆင်းနေတဲ့ပုံကို တင်ခဲ့တာပါ။ ဒါ့အပြင် အလုပ်အတွက် အမြင့်ဆုံးစွမ်းဆောင်ရည်ဆိုပြီး ရေးသားခဲ့ပါသေးတယ်။ မိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့ဆောင်းရာသီ ပွဲကျပ်ကာလကတည်းက ဒူးခေါင်းဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ မိုဗစ်ခ်ျဟာ လာမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဆီဗီလာနဲ့ပွဲစဉ်၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်လာဖို့ ရှိနေပြီး အသင်းအတွက် လူစာရင်း ပြန်လည်တောင့်တင်းလာဖို့ ရှိနေပါတယ်။
3 years Ago

March 7, 2017

မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျနှင့် ဘုန်းမောက်နောက်ခံလူ မင်းစ်တို့ကို အက်ဖ်အေ တရားစွဲ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျနဲ့ ဘုန်းမောက်နောက်ခံလူ မင်းစ်တို့ ၂ ဦးစလုံးကို အကြမ်းဖက်တဲ့ အပြုအမူတွေအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က တရားစွဲဆိုထားပါတယ်။ သူတို့ ၂ ဦးစလုံးဟာ မန်ယူနဲ့ ဘုန်းမောက်တို့ ၁ ဂိုးစီသရေကျတဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ပွဲစဉ်အတွင်းမှာ ပဋိပက္ခ ဖြစ်ခဲ့တာပါ။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက ခေါင်းခုန်အတိုက်မှာ တဘက်ကစားသမား မင်းစ်ကို တံတောင်နဲ့ တွက်ခဲ့မိပါတယ်။ အဲဒီမတိုင်ခင်မှာတော့ ဘုန်းမောက်နောက်ခံလူ မင်းစ်က ကွင်းထဲမှာ လဲကျနေတဲ့ အီဘရာဟီမိုဗစ်ခ်ျရဲ့ ခေါင်းကို တက်နင်းမိတာတွေ လုပ်ခဲ့ပါတယ်။ အက်ဖ်အေကတော့ ဗွီဒီယိုမှတ်တမ်းကို ပြန်လည်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ ကစားသမား ၂ ဦးစလုံးဟာ အဖြစ်အပျက်တခုစီမှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ လုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ ၂ ဦးစလုံး အပြစ်ရှိကြောင်း ထင်ရှားရင်တော့ အက်ဖ်အေက ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်မှာဖြစ်ပါတယ်။
4 years Ago
Up