မိုဗစ်ကို သူရဲကောင်းတဦးတဖွယ်

March 31, 2018

မိုဗစ်ကို သူရဲကောင်းတဦးတဖွယ် ပရိသတ်ရာချီ ကြိုဆို

  ဥရောပနာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို သူနောက်ဆုံး ပြောင်းရွှေ့ခဲ့တဲ့ အမေရိကန်ကလပ် အဲလ်အေ ဂလက်ဆီအသင်းရဲ့ ပရိသတ် ရာပေါင်းများစွာဟာ သူရဲကောင်းတဦးသဖွယ် ကြိုဆိုခဲ့ကြပါတယ်။ အီဗရာဟီမိုဗစ်လာမယ့် လေဆိပ်မှာ ပရိသတ်တွေဟာ ညဥ့်နက်ပိုင်းထိ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ကြသလို မိုဗစ်ရောက်ရှိလာချိန်မှာလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။ အဲ့ဒီနောက် မိုဗစ်နဲ့အတူ ပျော်ရွှင်စွာဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။ မိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အဲလ်အေ ဒါဘီပွဲစဉ်ဖြစ်တဲ့ အဲလ်လေအက်ဖ်စီအသင်းနဲ့ ဒီနေ့ပွဲစဉ်မှာ ပါဝင်ကစားသွားဖို့ ရှိနေပါတယ်။ မိုဗစ်က သူ့အနေနဲ့ ဖလားပေါင်း ၃၃ လုံး ရရှိပြီးဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေမှာလည်း ကစားခဲ့ဖူးကြောင်း၊ အခုတကြိမ်မှာတော့ အမေရိကန်ကို လာရောက်ပြီး ဘောလုံးကစားချင်တာကြောင့် အဲလ်အေဂလက်ဆီအသင်းကို ပြောင်းရွှေ့ခဲ့တာလို့ ပြောဆိုထားပါတယ်။ မိုဗစ်ဟာ အေဂျက်စ်၊ အင်တာမီလန်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက် အစရှိတဲ့အသင်းတွေမှာ ကစားခဲ့ဖူးပြီး ဘောလုံးနတ်ဘုရားတဦးလို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
3 years Ago
Up