မိုနာကို ပယ်ချ

May 20, 2017

လူငယ်တိုက်စစ်မှူးကို ပေါင် ၆၄ သန်းဖြင့် လီဗာပူးကမ်းလှမ်းမှု မိုနာကို ပယ်ချ

လီဗာပူးအသင်းဟာ မိုနာကိုလူငယ်တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့အတွက် ပေါင် ၆၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မိုနာကိုဘက်က ပယ်ချလိုက်ပါတယ်။ မိုနာကိုအသင်းနေနဲ့ ထိပ်သီအသင်းတွေက ခေါ်ယူလိုနေတဲ့ လူငယ်တိုက်စစ်မှူး အမ်ဘာပေရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ အလိုရှိနေတယ်လို့ စပိန်  သတင်းစာတစ်စောင်ဖြစ်တဲ့ မာကာက ဖော်ပြပါတယ်။ အသက် ၁၈ နှစ်ရှိ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘာပေဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြနေပြီး မိုနာကိုအတွက် ၃၈ ပွဲမှာ ၂၆ ဂိုး သွင်းယူထားပါတယ်။ မိုနာကိုအသင်း ဒုတိယဥက္ကဋ္ဌ ဗာဆေယက်ဗ်ကလည်း ခြေစွမ်းပြနေတဲ့ အမ်ဘာပေကို ထိန်းသိမ်းလိုနေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရမှ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အမ်ဘာပေးကို ခေါ်ယူဖို့အတွက် လီဗာပူအသင်းအပြင် အာဆင်နယ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
4 years Ago
Up