မိုနာကို

March 27, 2019

နည်းပြ မော်ရင်ဟို လိုင်ယွန်နှင့် မိုနာကို တသင်းသင်းကို ကိုင်တွယ်ရန် နီးစပ်နေ

ပေါ်တူဂီနည်းပြ မော်ရင်ဟိုဟာ ပြင်သစ်လီဂူးဝမ်းက အသင်းတသင်းကို တာဝန်ယူ ကိုင်တွယ်တော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြင်သစ်မီဒီတွေရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ ပြင်သစ်ကလပ်တွေဖြစ်တဲ့ လိုင်ယွန်နဲ့ မိုနာကို တသင်းသင်းကို ကိုင်တွယ်သွားဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မန်ချက်စတာယူနိုက်တက် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။ လာမယ့်ဇူလိုင်လမှာ အသင်းတသင်းကို ကိုင်တွယ်တော့မယ်လို့ မော်ရင်ဟိုက ဝန်ခံပြောကြားထားပြီး ဘယ်အသင်းဖြစ်မလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားထားတာ မရှိသေးပါဘူး။ မော်ရင်ဟိုဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဆီ ပြန်သွားမယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း ဇီဒန်းကို နည်းပြခန့်အပ်ခဲ့တဲ့အတွက် ပျက်ပြယ်သွားခဲ့ရပါတယ်။ အခုနှစ် ပြင်သစ်လိဂ်မှာ လိုင်ယွန်အသင်းက အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး မိုနာကိုကတော့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
3 years Ago

February 1, 2019

ပြင်သစ် လူငယ်ဘောလုံးကြယ်ပွင့် ဟန်နီဘယ်ကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စား

အနာဂတ်ရဲ့ ဘောလုံးကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်သား ဟန်နီဘယ်မက်ဂ်ျဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းလည်း ပါဝင်လာပါတယ်။ လီဗာပူး၊ အာဆင်နယ်၊ လိုင်ယွန်၊ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဟန်နီဘယ်ကို မန်ချက်စတာယူနိုက်တက်အသင်းက နောက်ဆုံးမှ စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် လက်ဦးမှု ရယူလိုတာကြောင့် အပူတပြင်း ချိတ်ဆက်နေပါတယ်။ တခြားအသင်းတွေကတော့ ဟန်နီဘယ်ရဲ့ မိသားစုကတဆင့် ချိတ်ဆက်နေပြီး တိုးတက်မှု မရှိခဲ့ပေမယ့် ယူနိုက်တက်က ခေါ်ယူဖို့ ပိုပြီးနီးစပ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ လတ်တလောမှာတော့ ၁၆ နှစ်သား ဟန်နီဘယ်ကို မိုနာကိုက လက်လွှတ်ချင်တဲ့သဘော မရှိလို့ အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ရေး ကြန့်ကြာနေတာပါ။ အစောပိုင်းကလည်း ယူနိုက်တက်အနေနဲ့ အေမီယန်စ်အသင်းက ၁၆ နှစ်သား ပြင်သစ်လူငယ်လေး နော်မန် အီမာရန်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago
More News
Up