ပီအက်စ်ဂျီအသင်းဟာ မိုနာကိုတိုက်စစ်မှူး အမ်ဘာပေကို ပေါင် ၁၆၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။
၁၈ နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေကို ရီးရဲလ်မက်ဒရစ် အပါအဝင် ထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက လက်ဦးမှု ရယူခဲ့တာပါ။
ပီအက်စ်ဂျီအသင်းအနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်း လေ့ကျင့်မှုတွေ ပြုလုပ်နေစဉ်အတွင်းမှာ ဆေးစစ်မှုခံယူမှာဖြစ်တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းက ပြင်သစ်လက်ရွေးစင်အသင်းဖော် အက်ဒရီယန်ရက်ဘီးယော့ ကိုယ်တိုင်ကလည်း အမ်ဘာပေကို ပီအက်စ်ဂျီအသင်းမှာ မြင်တွေ့ရဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် ဟော်လန်၊ လူဇင်ဘတ်တို့နဲ့ ကစားဖို့ရှိနေပြီး အဲဒီပွဲစဉ်တွေအပြီးမှာ အမ်ဘာပေကို ပီအက်စ်ဂျီအသင်းက အပြီးသတ် စာချုပ်ချုပ်ဖွယ် ရှိပါတယ်။
5 years Ago