မိုနာကို

May 29, 2018

မိုနာကို ကွင်းလယ်လူ ဖာဘင်ဟိုကို လီဗာပူးခေါ်ယူရန် သဘောတူညီမှုရ

လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် မိုနာကို ကွင်းလယ်ကစားသမား ဖာဘင်ဟိုကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘရာဇီး ကွင်းလယ်ကစားသမားကို လီဗာပူးက ပေါင် ၃၉ သန်း ဝန်းကျင်နဲ့ ခေါ်ယူတာလို့ ဗြိတိသျှမီဒီယာတွေက ခန့်မှန်းပါတယ်။ ဖာဘင်ဟိုဟာ ကွင်းလယ်ခံစစ် ကစားသမားတယောက်ဖြစ်ပြီး စာချုပ်သက်တမ်းကုန်လို့ လီဗာပူးကနေ ထွက်ခွာတော့မယ့် အမ်မရီကန်ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုက်တာပါ။ ဖာဘင်ဟိုဟာ ပေါ်တူဂီကလပ် ရီယို အေ့ အသင်းကနေ ၂၀၁၃ မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းကို ရောက်ရှိလာတာပါ။ သူဟာ အသင်းနဲ့အတူ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပြင်သစ် အမှတ်ပေးချန်ပီယံဆုကို ရရှိထားပါတယ်။ ဖာဘင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၄ ကြိမ် ကစားဖူးထားပေမယ့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီး လူစာရင်းမှာတော့ ပါဝင်ခြင်းမရှိပါဘူး။
3 years Ago

March 27, 2018

ကမ်းလှမ်းမှုအားလုံးကို လက်ခံစဉ်းစားမည်ဟု မိုနာကိုကွင်းလယ်လူ လီမာ ပြော

ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံစဉ်းစားမယ်လို့ မိုနာကို ကွင်းလယ်ကစားသမား သောမတ်စ်လီမာက အတည်ပြု ပြောကြားလိုက်ပါတယ်။ ပြင်သစ်လက်ရွေးစင် လီမာဟာ မိုနာကိုအသင်းမှာ ခြေစွမ်းပြနေပြီး လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးအသင်းတွေအပြင် ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတွေကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ခွင့် မရခဲ့လို့ အနည်းငယ် စိတ်ပျက်မိပေမယ့် ခြေစွမ်းပြကစားနိုင်အောင် ဆက်လက်ကြိုးစားပြီး ထိပ်တန်းအသင်းတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားသွားမယ်လို့ လီမာက ပြောပါတယ်။ အသက် ၂၂ နှစ်ရှိ ကွင်းလယ်ကစားသမား လီမာဟာ မတ် ၂၃ ရက်က ကစားတဲ့ ကိုလံဘီယာနဲ့ ခြေစမ်းပွဲမှာ တဂိုးသွင်းယူခဲ့ပြီး ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။
4 years Ago
More News
Up