မိုဒရစ်

December 4, 2018

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု မိုဒရစ် ရရှိ

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်တဲ့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမား လူကာမိုဒရစ် ရရှိသွားပါတယ်။ မိုဒရစ်ဟာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ ဂျူဗင်တပ်ကစားသမား ခရစ်စတီယာနို ရော်နယ်ဒိုတို့ကို ဖြတ်ကျော်ပြီး ရယူသွားတာပါ။ အရင်နှစ်တွေက ဒီဆုကို ရော်နယ်ဒိုနဲ့ မက်ဆီတို့ တလှည့်စီနဲ့ ဆယ်စုနှစ်တခုလောက် လွှမ်းမိုး ရယူလာခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ် မိုဒရစ်ဟာ ရီးရဲလ်အသင်းကို ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ချန်ပီယံဖြစ်အောင်နဲ့ ခရိုအေးရှားကို ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ပေးအပ်တဲ့ ဒုတိယဆုကို ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို၊ တတိယဆုကို အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့က ရရှိသွားပါတယ်။
3 years Ago

September 27, 2018

ဆီဗီလာနှင့်ပွဲတွင် ကမ္ဘာ့အကောင်းဆုံးဆုရှင် မိုဒရစ် ခြေစွမ်းမပြနိုင်ဘဲ ရီးရဲလ် ဂိုးပြတ်ရှုံးနိမ့်

ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပြီးတဲ့နောက် ၂ ရက်အကြာမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာတော့ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်ဟာ ခြေစွမ်း လုံးဝပြသနိုင်ခြင်း မရှိသလို အကောင်းဆုံးဂိုးသမားဆု ရရှိခဲ့တဲ့ ကော့တွိုက်စ်လည်း လက်စွမ်းပြသနိုင်ခြင်း မရှိပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆီဗီလာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၃ ဂိုးပြတ် ရှုံးနိမ့်မှုကြောင့် ပြိုင်ဘက် ဘာစီလိုနာကို ကျော်တက်နိုင်မယ့် အခွင့်အရေးကနေ ဝေးခဲ့ရပါတယ်။ ရော်နယ်ဒို ထွက်ခွာခဲ့ပြီးနောက်ပိုင်း တိုက်စစ်အားနည်းလိမ့်မယ်လို့ ထင်ထားခဲ့ကြပေမယ့် ခြေစွမ်းပြနေတဲ့ ဘေးလ်၊ ဘန်ဇီမာ၊ အဆန်ဆီရိုတို့ကြောင့် နိုင်ပွဲဆက်နေခဲ့တဲ့ ရီးရဲလ်အတွက် ပထမဆုံးရှုံးပွဲ တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အန်ဒရီဆေးလ်ဗား၊ ဘန်ယီဒါတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆီဗီလာအသင်းကို ချေပနိုင်ခြင်း မရှိတဲ့ ရီးရဲလ်မက်ဒရစ် အသင်းသားတွေရဲ့ စွမ်းဆောင်ရည် အောက်ဆုံးကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးသမား ကော့တွိုက်စ်အနေနဲ့လည်း ကမ္ဘာ့အကောင်းဆုံး ဂိုးသမား လက်စွမ်းကို ပြသနိုင်ခြင်း မရှိခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။
3 years Ago
More News
Up