မိုဇမ်ဘစ်တွင် တွေ့သည့်အပိုင်းစများ ပျောက်ဆုံး MH 370 ဟု တာဝန်ရှိသူများပြော

A d v e r t i s e m e n t With Us

May 13, 2016

မိုဇမ်ဘစ်တွင် တွေ့သည့်အပိုင်းစများ ပျောက်ဆုံး MH 370 ဟု တာဝန်ရှိသူများပြော

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုနှစ် ဖေဖော်ဝါရီလက မိုဇမ်ဘစ်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ လေယာဉ်ပျက် အပိုင်းအစတွေဟာ ပျောက်ဆုံးနေတဲ့ MH 370 မလေးရှား လေကြောင်းလိုင်းလေယာဉ်က ဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ မလေးရှားနဲ့ သြစတြေးလျအာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးသွားတဲ့ MH 370 လေယာဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိချက်တွေ ဖြစ်ပါတယ်။ လေယာဉ်ဟာ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူကနေ တရုတ်ပြည် ပီကင်းမြို့တော်ဆီကို ပျံသန်းသွားရင်း လူ ၂၃၉ ယောက်နဲ့ အတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး လေယာဉ်လမ်းကြောင်းပြောင်းပြီး ပင်လယ်ထဲ ပျက်ကျသွားပြီလို့ ယုံကြည်နေကြပါတယ်။ 1လေယာဉ်ပျက်ရှာဖွေရေး သင်္ဘော ၃ စီးနဲ့ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း စတုရန်းကီလိုမီတာ ၁ သိန်း ၂ သောင်းအကျယ်အ၀န်းကို ရှာဖွေနေပေမယ့်လည်း အစအနတောင် မတွေ့သေးပါဘူး။ လေယာဉ်ရဲ့အပိုင်းအစတွေလို့ သေချာပေါက် ပြောနိုင်တဲ့ ဒါမှမဟုတ် ဖြစ်နိုင်တဲ့ အပိုင်းအစ ၅ ခု တွေ့ရှိထားပြီး လေယာဉ်ပျောက်ရှာဖွေနေတဲ့ ဧရိယာနဲ့ ပေါင်းထောင်သောင်း ကွာဝေးတဲ့နေရာမှာ တွေ့ရှိခဲ့တာပါ။
5 years Ago
Up