အီရတ်တပ်ဖွဲ့တွေက မိုဆူးလ်မြို့ဟောင်းမှာ အိုက်အက်စ်တွေရဲ့ လက်ကျန်စခန်းတွေကို လေကြောင်း၊ ကြည်းကြောင်းတွေကနေ ဇွန်လ ၃ ရက်နေ့ထိ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အိုက်အက်စ်တွေ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ သမိုင်းဝင် အယ်နူရီ ကျောင်းတော်ကြီးဆီကနေ မီးခိုးငွေ့တွေ ထွက်လာနေတာကို မြင်နေရဆဲပါပဲ။
အရပ်သားတွေ သောင်းနဲ့ချီရှိတဲ့ မိုဆူးလ်မြို့ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်တွေက တချို့နေရာတွေမှာ အိုက်အက်စ်တွေ ကျန်ရှိနေဆဲဖြစ်ပြီး တကယ်လို့ မိုဆူးလ်မြို့ဟောင်းကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဆိုရင် ဒါဟာ အီရတ်ဘက်က အိုက်အက်စ်ေတွရဲ့ အရေးပါတဲ့တဝက်ကို ချေမှုန်းနိုင်ပြီလို့ သတ်မှတ်နိုင်မှာပါ။
၉ လခန့်ရှိပြီဖြစ်တဲ့ စစ်ပွဲကြောင့် လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
စစ်မဖြစ်ခင်က မြို့နေလူဦးရေရဲ့ တဝက်စာရှိတဲ့ လူဦးရေ ၉ သိန်းခန့်ဟာ စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုချိန်ထိ လူ ထောင်ပေါင်းများစွာဟာ စားစရာအနည်းငယ်၊ ရေအနည်းငယ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရဘဲ မြို့ဟောင်းထဲမှာ ပိတ်မိနေတယ်လို့ ယူဆရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago