အိန္ဒိယနိုင်ငံအရှေ့ခြမ်း JHARKHAND ပြည်နယ် မိုင်းတွင်းပြိုကျမှုအတွင်း ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဒီဇင်ဘာ ၃၀ ရက်နေ့က ကြိုးစား ကယ်တင်နေပါတယ်။
မိုင်းတွင်းပြိုကျမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့သလို မိုင်းလုပ်သား ဒါဇင်နဲ့ချီပြီး မြေအောက်မိုင်းတွင်းထဲမှာ ပိတ်မိနေဆဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရ ကျောက်မီးသွေးမိုင်းလုပ်ငန်းဝန်ကြီးက “ဝမ်းနည်းစရာအဖြစ်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ ပထမအချက်အနေနဲ့ သေဆုံးခဲ့သူ ၇ ဦးရဲ့ မိသားစုတွေအတွက် ဝမ်းနည်းစကား ပြောကြားလိုပါတယ်။ မိသားစုတခုချင်းစီအတွက် အမေရိကန်ဒေါ်လာ ၇၃၀၀ နဲ့ ညီမျှတဲ့ ရူပီးငွေ ၅၀၀၀၀၀ ထောက်ပံ့မယ့်အကြောင်း ကြေညာခဲ့ပြီးပါပြီ” လို့ ရှင်းပြသွားပါတယ်။
JHARKHAND ပြည်နယ်ရှိ Eastern Coalfields Limited (ECL) ပိုင် Lalmatia မိုင်းတွင်းမှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ရုတ်တရက် မိုင်းပြိုကျမှုဖြစ်ခဲ့ပြီး မိုင်းလုပ်သားဒါဇင်နဲ့ချီ မြေအောက်မိုင်းတွင်းထဲမှာ ပိတ်မိနေတာပါ။
ဘာ့ကြောင့် မိုင်းတွင်းပြိုကျခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ အတိအကျ မသိရသေးကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago