ဗြိတိန်နိုင်ငံကနေ သြစတြေးလျနိုင်ငံအထိ မိုင်ပေါင်း ၁၄၀၀၀ ကျော်ကို ခေတ်ဟောင်းလေယာဉ်နဲ့ ပျံသန်းခဲ့တဲ့ ဗြိတိန်အမျိုးသမီးလေယာဉ်မှူးဟာ ဇန်န၀ါရီ ၉ ရက်နေ့က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဆစ်ဒနီမြို့မှာ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
၁၉၄၂ ခုနှစ်ထုတ် ဘိုးရင်းအတောင်ပံ ၂ ထပ်လေယာဉ်နဲ့ ဗြိတိန်နိုင်ငံ ဟမ်းရိုင်းယား ပြည်နယ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ထွက်ခွာခဲ့ပါတယ်။
၁၉၃၀ ခုနှစ်က ဗြိတိန်စွန့်စားသူအမျိုးသမီး အေမီဂျွန်ဆန် ပျံသန်းခဲ့တဲ့ လမ်းကြောင်းအတိုင်း ထပ်မံပျံသန်းတာဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၂၃ နိုင်ငံ၊ နေရာ ၅၀ မှာ ဆီဖြည့်ရပ်နားခဲ့ပါတယ်။
ဆစ်ဒနီလေဆိပ်မှာ ဆင်းသက်ပြီးပြီးချင်းမှာပဲ သူ့ရဲ့ ကြီးကျယ်တဲ့ တကိုယ်တော်လေယာဉ်ပျံသန်းမှုခရီးစဉ် အဆုံးသတ်ခဲ့ပြီလို့ သူ့ရဲ့တွီတာမှာ ရေးသားခဲ့ပြီး အားပေးကူညီသူအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ကာတစ်တေလာရဲ့ ခရီးစဉ်ဟာ ရှေးဟောင်းလေယာဉ်နဲ့ တကိုယ်တော်လေကြောင်း ပျံသန်းမှုခရီးစဉ်ဖြစ်ပေမယ့် သူ့ရဲ့ခရီးစဉ်ကို နောက်ကနေ လေယာဉ်တစီးနဲ့ ထောက်ပံ့ပေးတဲ့ အဖွဲ့တဖွဲ့ရှိပြီး ခရီးစဉ်မှတ်တမ်းတင်တဲ့ ရုပ်သံရိုက်ကူးသူတဦး သူ့ရဲ့လေယာဉ်နဲ့ လိုက်ပါရိုက်ကူးခဲ့ပါတယ်။
7 years Ago