အမေရိကန်နိုင်ငံ မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဧပြီ ၃ ရက်နေ့က ကျင်းပခဲ့ရာ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်က ဂျပန်က နီရှီကိုရီကို ၆-၃၊ ၆-၃ နဲ့ ၂ ပွဲပြတ် အနိုင်ရပါတယ်။
ဒါဟာ သူ့အတွက် ၄ နှစ်ဆက်တိုက် မိုင်ယာမီအိုးပင်း ချန်ပီယံဖလားကို ရရှိတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွက်ဆိုရင်လည်း သြစတြေးလျအိုးပင်း၊ ကာတာ၊ အင်ဒီယံဝဲလ်စ် ဖလားတွေအပြီး စတုတ္ထမြောက် ဆုဖလား ဖြစ်ပါတယ်။
5 years Ago