မိုင်ယာမီ

March 15, 2017

မိုင်ယာမီမြို့ရှိ လှေဆိပ်တခုတွင် မီးအကြီးအကျယ်လောင်၊ လှေအများအပြား ပျက်စီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ရှိ လှေဆိပ်တခုမှာ မတ်လ ၁၄ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူသေဆုံးထိခိုက်တာမျိုး မရှိပေမယ့် လှေတွေ အများကြီး ပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။ မီးလောင်မှု ကြီးမားတာကြောင့် မီးခိုးလုံးတွေ ကောင်းကင်ထက် မြင့်တက်နေတာကို မြင်ကြရပါတယ်။ ဒါပေမယ့် မီးသတ်သမားတွေရဲ့ သက်စွန့်ဆံဖျား ငြှိမ်းသတ်မှုကြောင့် မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up