အာဆင်နယ်အသင်းဟာ ဂျာမန်ကလပ် မိုချန်ဂလာဘတ် ကွင်းလယ်ကစားသမား ဂရန်းနစ်ရှာကာကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
ဂရန်းနစ်ရှာကာကို အာဆင်နယ်က နှစ်ရှည်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။
ပြောင်းရွှေ့ကြေးကို မဖော်ပြပေမယ့် ပေါင်သန်း ၃၀ လောက်ရှိမယ်လို့ ဗြိတိသျှ မီဒီယာတွေက ခန့်မှန်းပါတယ်။
ဆွစ်ဇာလန်လက်ရွေးစင် ရှာကာဟာ အာဆင်နယ်က ခေါ်ယူတဲ့အထဲမှာ အိုဇေးနဲ့ ဆန်းချက်ပြီးရင် တတိယမြောက် ဈေးအကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ရှာကာဟာ ဘောလုံးကစားရာမှာ တွန်းတွန်းတိုက်တိုက် ကစားသမားဖြစ်လို့ ပြီးခဲ့တဲ့ရာသီမှာ အနီကတ် ၃ ခါ အပြခံရဖူးပါတယ်။
5 years Ago