ဂျာမန်ဘွန်ဒတ်စ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းက နည်းပြဖြစ်သူ အန်ဒရေ ရှူးဘတ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ကလပ်ရဲ့ထုတ်ပြန်ချက်မှာတော့ နှစ်ဘက် စကားပြောဆိုပြီး ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့က ပွဲစဉ်မှာ မိုချန်ဂလာဘတ်အသင်းဟာ အိမ်ကွင်းမှာ ဝုဖ်ဘတ်အသင်းကို ရှုံးထားပါတယ်။
ဒီရှုံးပွဲကြောင့် တန်းဆင်းဇုန်ရဲ့အထက်နား ၃ မှတ်အကွာမှာ ရှိနေပါတယ်။ မိုချန်ဂလာဘတ်အသင်းဟာ နောက်ဆုံးကစားထားတဲ့ ၁၁ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပါတယ်။
လောလောဆယ်မှာတော့ အသင်းဟာ ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
6 years Ago