ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ကို ဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၂၂ နှစ်ရှိ ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချဲလ်ဆီးအသင်းမှာ နေရာရခဲ့ပေမယ့် အခုနှစ် ဘောလုံးရာသီမှာတော့ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာပါ။
ဒီအခြေအနေကြောင့် အသင်းမှာ နှစ်ရာသီကြာ ကစားဖူးတဲ့ ခရစ္စတီယန်ဆန်ကို မိုချန်ဂလာဘတ်အသင်းက ခေါ်ယူဖို့ ဆွေးနွေးတော့မယ်လို့ ဆိုပါတယ်။
အပြီးသတ်ရောင်းချခြင်း မရှိရင်တော့ ချဲလ်ဆီးဘက်က လာမယ့်ဇန်နဝါရီမှာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ပြုဖို့ မိုချန်ဂလာဘတ်အသင်းဘက်က မျှော်လင့်ထားပါတယ်။
ချဲလ်ဆီးအသင်းမှာ ဒေးဗစ်လုဇ်နဲ့ ရူဒီဂါတို့နှစ်ဦးကို အဓိက နောက်ခံလူတွေအဖြစ် အသုံးပြုနေတာကြောင့် နောက်ထပ် နောက်ခံလူတဦးဖြစ်တဲ့ ဂယ်ရီကာဟေးလ်ဟာလည်း အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
2 years Ago