ချန်ပီယံလိဂ် အုပ်စု စီ နောက်ဆုံးပွဲစဉ်မှာတော့ နာမည်ကြီး ဘာစီလိုနာက ဂျာမန်ကလပ် မိုချန်ဂလာဘတ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်လှမ်းသွားပါတယ်။
ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို မက်ဆီ ၁ ဂိုးနဲ့ တူရန်က ဟတ်ထရစ်ဂိုး သွင်းယူပါတယ်။
ဒီပွဲမှာ ဒဏ်ရာကြောင့် နားနေရတာ ကြာပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား အင်နစ်စတာ ပါဝင်ကစားသွားပါတယ်။
ဘာစီလိုနာဟာ အုပ်စုတွင်းမှာ ၁၅ မှတ်ရပြီး ရှုံးထွက်အဆင့်ကို တက်သွားတာပါ။
အုပ်စု စီ တခြားပွဲစဉ်မှာတော့ မန်စီးတီးက အိမ်ကွင်းမှာ ဆဲလ်တစ်နဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။
ဒီပွဲမှာ မန်စီးတီးက အရန်ကစားသမား အများစုကို အသုံးပြုသွားပါတယ်။
ဒီပွဲသရေကျပေမယ့်လည်း မန်စီးတီးက ၉ မှတ်ရပြီး အုပ်စုဒုတိယအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
6 years Ago