အီတာမုန်တိုင်းကြောင့် ဟွန်ဒူးရပ်စ် နိုင်ငံအတွင်း လူ ၁ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အပြင် နောက်ထပ် မုန်တိုင်းသစ်တခုလည်း ချဉ်းကပ်လာနေလို့ ဟွန်ဒူးရပ်စ် ပြည်သူတွေကို ကယ်ဆယ်ရေး ကူညီထောက်ပံ့ဖို့ ကိုလံဘီယာ အစိုးရဟာ လေတပ်ကို တာဝန်ပေးခဲ့ပါတယ်။
အီတာမုန်တိုင်းကြောင့် ဆင်းရဲမွဲတေတဲ့ အလယ်အမေရိကဒေသအတွင်း အကြီးစား ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။
စန်ပေဒရို ဆူလာဒေသမှာ စစ်သည်းတွေက သောင်တင်နေတဲ့ မိသားစုတွေကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ခဲ့ရပါတယ်။
လတ်တလောနှစ်တွေအတွင်း အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခုဖြစ်တဲ့ အီတာမုန်တိုင်းဟာ နီကာရာဂွါနိုင်ငံကို အဆင့်-၄ ဟာရီကိန်းမုန်တိုင်းအဖြစ် ၁ နာရီ လေတိုက်နှုန်း မိုင် ၁၅၀ နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့တာပါ။
မုန်တိုင်းက ကုန်းတွင်းဝင်ရောက်ကာ အားပျော့အပြီး အိမ်နီးချင်း ဟွန်ဒူးရပ်စ်နိုင်ငံထဲကို တိုက်ခတ်ခဲ့ပါတယ်။
ဒါကြောင့် အလယ်အမေရိကဒေသအတွင်း လူအယောက် ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အီတာမုန်တိုင်းဘေးကနေ ပြန်နာလန်မထူခင် နောက်ထပ် အပူပိုင်းမုန်တိုင်းအသစ် လိုတာဟာ နိုဝင်ဘာ ၁၄ ရက်မှာ အလယ်အမေရိကဆီ ဦးတည်ရွေ့လျားလာနေပါတယ်။
လိုတာ မုန်တိုင်းဟာလည်း ဟာရီကိန်းမုန်တိုင်းအဆင့် အင်အားနဲ့ ရွေ့လျားလာပြီး နီကာရာဂွါနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတွေဆီ နိုဝင်ဘာ ၁၆ ရက်မှာ ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
2 years Ago