မုန်တိုင်းအန္တရာယ် ဂရုပြုကာကွယ်ကြရန်

October 9, 2020

မုန်တိုင်းအန္တရာယ် ဂရုပြုကာကွယ်ကြရန် ဂျပန်ရောက်မြန်မာများကို သံရုံး သတိပေး

တိုင်ဖုန်းမုန်တိုင်းဝင်ရောက်ဖို့ရှိတာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံတွေ ကြိုတင်ပြုလုပ်ထားကြဖို့ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ပါတယ်။ တိုင်ဖုန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံကို အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ ဖြတ်သန်းဝင်ရောက်မယ်လို့ ဂျပန်မိုးလေဝက ခန့်မှန်းထားတာကြောင့် ဂျပန်နိုင်ငံရောက်​ မြန်မာနိုင်ငံသားတွေ ဂရုပြုကာကွယ်ထားကြဖို့ ဂျပန်နိုင်ငံ မြန်မာသံရုံးက အောက်တိုဘာ ၈ ရက်​​နေ့မှာ အသိ​ပေးထုတ်​ပြန်လိုက်ပါတယ်။ မုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်လာနေပြီး အောက်တိုဘာ ၈ ရက်နေ့က အိုကီနာဝါကျွန်းကို ဖြတ်သန်းပြီး နိုင်ငံအဝန်းမှာ မိုးသည်းထန်စွာရွာသွန်းဖို့ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။  ဒါ့ကြောင့် ဂျပန်နိုင်ငံ တောင်ပိုင်း အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံတွေ ကြိုတင်ပြုလုပ်ထားကြဖို့နဲ့ အာဏာပိုင်တွေရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့ အသိပေးထုတ်ပြန်ထားတာပါ။ မုန်တိုင်းရဲ့ ဗဟိုချက်မှာ လေတိုက်နှုန်း ၁ နာရီကို ၁၂၆ ကီလိုမီတာထိ ရှိနိုင်ပြီး အားအပြင်းဆုံးအချိန်မှာ ၁၈၀ ကီလိုမီတာအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ဂျပန် မိုးလေဝသအေဂျင်စီက  ထုတ်ပြန်တဲ့ ကြေညာချက်တွေကို အလေးထားလိုက်နာပြီး အရေးပေါ် အခက်အခဲ ကြုံတွေ့လာပါက မြန်မာသံရုံး အရေးပေါ် ၂၄ နာရီ ဖုန်းနံပါတ်  070-4413 -7383 ကို ဆက်သွယ်ကြဖို့ ဖော်ပြထားပါတယ်။ နွေလှိုင်း(YU)
7 months Ago
Up