မုန်တိုင်းဝင်

October 4, 2020

ပြင်သစ်တောင်ပိုင်း မုန်တိုင်းဝင်၊ ရေဘေးကြောင့် လူ ၈ ဦးထက်မနည်း ပျောက်ဆုံး

ပြင်သစ်နိုင်ငံတောင်ပိုင်းကို မုန်တိုင်းတရပ် ဝင်ရောက် တိုက်ခတ်အပြီး စံချိန်တင်မိုးရွာခဲ့တာကြောင့် လမ်းတွေနဲ့ အိမ်တွေ ပျက်စီးခဲ့ပြီး လူ ၈ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၃ ရက်မှာ ပြောပါတယ်။  အဲလက်စ်လို့ နာမည်ပေးထားတဲ့ မုန်တိုင်းဟာ နီးစ်မြို့ပတ်လည်က ရွာအတော်များများကို တိုက်ခတ်ခဲ့တာဖြစ်ပြီး ရာစုနှစ် တခုကျော်အတွင်း အဆိုးဆုံးရေဘေးလို့ နီးစ်မြို့တော်ဝန်က ပြောပါတယ်။ ပြင်သစ်ဝန်ကြီးချုပ်ကလည်း ရေဘေးသင့်ဒေသတွေဆီ သွားရောက် စစ်ဆေးပြီး လူ ၈ ယောက် ပျောက်နေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။ မီးသတ်သမား ၂ ဦး စီးလာတဲ့ကားဟာ မြစ်ရေလျှံနေတဲ့ ရေစီးကြောင်းနဲ့အတူပါသွား တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေကို ကိုးကားပြီး ပြင်သစ်မီဒီယာ အတော်များများက ဖော်ပြပါတယ်။  တောင်ထူတဲ့ဒေသအတွင်း မတ်စောက်တဲ့ တောင်ကြားမှာရှိတဲ့ ရွာအတော်များများ လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်ခဲ့ပါတယ်။  စိန့်မာတင်ဒေသမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၉ ဒသမ ၆၉ လက်မထိ ရွာခဲ့ပြီး ခါတိုင်းနှစ်ရဲ့ ၃ လစာ မိုးရေချိန်ကို တရက်တည်း ရွာခဲ့တာလို့ ပြင်သစ်မိုးလေဝသဌာန Meteo France က ပြောပါတယ်။ 
7 months Ago
Up